အဖြူရောင်ဧရာဝတီအကြောင်း

အဖြူရောင်ဧရာဝတီ လပွတ္တာလူငယ်များ၏ သဘောထားနှင့် လုပ်ဆောင်မှုများ



၁။ ကျောင်းဖွင့်ချိန်တွင် ကျောင်းသင်ဘာသာရပ်များအား ကျူရှင်မယူနိုင်သည့် ကျောင်းသား/ကျောင်းသူများအား အဖြူရောင်ဧရာဝတီ လပွတ္တာများအဖွဲ့ အလွတ်သင်ဆရာများမှ (အခမဲ့) သင်ကြားပေးခြင်း
.
၂။ နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းပြင်ပရှိ ကလေး၊ လူငယ်၊ လူရွယ်များအား အဖြူရောင်ဧရာဝတီ လပွတ္တာလူငယ်များအဖွဲ့၏ ဆရာများမှ ကျောင်းသင်ဘာသာရပ် အကြိုသင်ကြားပေးခြင်း၊ ဆရာတော်သံဃာတော်များမှ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ ကိုယ်ကာယဖွံ့ဖြိုးရေးနှင့် အားကစားသင်တန်းများ ပို့ချခြင်း
.
၃။ လပွတ္တာမြို့နယ် လက်ရွေးစင် ကစားသမားဟောင်းများမှ မြို့နယ်ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းရေးအတွက် အခြေခံ အားကစားသမားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် ပြိုင်ပွဲများကျင်းပပေးခြင်း
.
၎။ နှစ်စဉ် သင်္ကြန်ရက် မတိုင်မီရက်များတွင် အဖြူရောင်ဧရာဝတီ လပွတ္တာလူငယ်များအဖွဲ့ စာသင်ကျောင်းမှ
ကျောင်းသား/ကျောင်းသူများ နှင့် အကြောင်းအမျိုးမျိုးကြောင့် သာသနာ့ဘောင်အတွင်းသို့ မ၀င်ရောက်နိုင်သေးသော လူကြီး၊ လူငယ်၊ ကလေးငယ်များအား (အလုံးစုံ အခမဲ့) ရဟန်း၊ ရှင်သာမဏေ နှင့် သီလရှင်များအဖြစ် မြတ်ဗုဒ္ဓ၏ သာသနာ့အမွေခံယူစေခြင်း
.
၅။ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးဖြစ်ပေါ်မှုနည်းပါး ပပျောက်စေရန် အတွက်မြက်ရိတ်
ပေါင်းသင်ခြင်း၊ ဆေးဖျန်းခြင်း၊ မြောင်းများဖော်ခြင်း၊ ဘုရား. ကျောင်း. ကန် နှင့် ဘုန်းတော်ကြီးကျောင်းများမှ အကူအညီတောင်းခံလျှင်လည်း မြက်ရိတ်ခြင်း၊ မြောင်းဖော်ခြင်းများကို လိုက်လံလုပ်ဆောင်ပေးခြင်း
၆။ အဖြူရောင်ဧရာဝတီ လပွတ္တာလူငယ်များမှ ထပ်မံလုပ်ဆောင်မည့် လှုပ်ရှားမှုမှာ လပွတ္တာမြို့သား
လူကြီး/လူငယ်များအား ကျန်းမာရေးဆိုင်ရာ ကာယလှုပ်ရှားမှုဖြင့် (အဖွဲ့လိုက်) ကိုယ်ကာယလေ့ကျင့်ခန်းနှင့်
ကျန်းမာသန်စွမ်း ရောဂါကင်းသည့် ပျော်ရွှင်ဖွယ် မိသားစုဘ၀ပိုင်ဆိုင်ရေး၊ အ၀လွန်၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်၊ ကျီးပေါင်း၊ အသည်းနှင့် လေဖြတ်ခြင်း၊ လေဖြန်းခြင်းမှ ကာကွယ်ရှောင်ကျဉ်ရန်အတွက် ကိုယ်ကာယလေ့ကျင့်ခန်းဖြင့် တားဆီးရေး၊ ကိုယ်ကာယလေ့ကျင့်ခန်း ပါဝင်လှုပ်ရှားမှုဖြင့်  မြို့သူ/မြို့သားများ
တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှု ရရှိရေး
_______________________________________________________________________
ကျွန်ုပ်တို့ အဖြူရောင်ဧရာဝတီလပွတ္တာလူငယ်များ အဖွဲ့သည် လပွတ္တာမြို့တိုးတက်ဖွံ့ဖြိုးစေမည့် အပြုသဘောဆောင်လုပ်ငန်းများတွင်သာ ကျင်လည်လုပ်ကိုင်မည်ဖြစ်ပြီး အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အာဏာပိုင်အဖွဲ့အစည်းများနှင့်လည်း အပြုသဘောဆောင် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း
 ______________________________________________________________________
                                                                                                          အဖြူရောင်ဧရာဝတီ
လပွတ္တာလူငယ်များအဖွဲ့

0 comments:

Post a Comment

အဖြူရောင်ဧရာဝတီသို့ အကြံပြုချင်တာလေးများရှိခဲ့ရင် ...